ကျွန်ုပ်တို့၏ အောင်မြင်မှုမှတ်တမ်းများကို လေ့လာပါ၊ ကျွန်ုပ်တို့နှင့်အတူ အားသွန်ခွန်စိုက် ကြိုးပမ်းလိုက်ပါ။ You should study our stories and emulate our efforts, my friend.
Established
Mar 1, 2026
Origin
Yangon, Myanmar
Burma Youth Association (BYA) သည် ၂၀၂၆ ခုနှစ်၏ စိန်ခေါ်မှုများကြားတွင် လူငယ်တစ်ဦး၏ Laptop တစ်လုံးနှင့် စတင်ခဲ့သော အိပ်မက်တစ်ခုဖြစ်သည်။ Burma Youth Association (BYA) began as a vision and a single laptop amidst the challenges of 2026.
Founder Aung Shan Hein သည် အရင်းအမြစ်ကန့်သတ်ချက်များကြားမှ "ပညာခေတ်မှာ လူငယ်တိုင်း အခွင့်အလမ်း ရှိရမည်" ဟူသော ခံယူချက်ဖြင့် ဤ Platform ကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့ တစ်နေရာ၌ စတင်အကောင်အထည်ဖော် အုတ်မြစ်ချခဲ့သည်။ Driven by the core belief that 'Every youth deserves an opportunity in this age of knowledge,' our founder, Aung Shan Hein, laid the foundation for this platform on March 1, 2026, in Yangon, Myanmar.
ယနေ့တွင် BYA သည် မြန်မာလူငယ်များအတွက် အတားအဆီးမဲ့ ပညာရပ်လေ့လာနိုင်ရာ Digital Safe Haven တစ်ခုအဖြစ် ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်ရန် ရှေးရှု့လျက်ရှိသည်။ Today, BYA stands as a Digital Safe Haven where Myanmar youth can learn without barriers and strive to stand shoulder-to-shoulder with the world.
BYA သည် အဖွဲ့အစည်းတစ်ခုထက်မကပါ။ ကျွန်ုပ်တို့သည် အပြောင်းအလဲကို ဖော်ဆောင်နေသည့် လူငယ်ထု၏ ကွန်ရက်တစ်ခုဖြစ်သည်။ သင်၏ စိတ်အားထက်သန်မှုနှင့် အရည်အချင်းများကို အသုံးချပြီး ပိုမိုကောင်းမွန်သည့် လူ့အဖွဲ့အစည်းတစ်ခုဆီသို့ အတူလှမ်းတက်လိုက်ပါ။ BYA is more than just an organization; we are a network of youth driving real change. Harness your passion and skills to step forward with us toward a better society.
Burma Youth Association (BYA) သည် ဖန်တီးမှုနှင့် ဇွဲလုံ့လတို့၏ ရလဒ်ဖြစ်ပြီး Founder ဖြစ်သူ Mr Aung Shan Hein ၏ လက်ရာတစ်ခု ဖြစ်သည်။ အရင်းအမြစ်များစွာ ရှားပါးနေသည့်ကြားမှပင် မြန်မာလူငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရှိန်အဟုန်တစ်ခု ဖြစ်စေရန် ဤဒီဂျစ်တယ် ဂေဟစနစ်တစ်ခုလုံးကို အစမှအဆုံးတိုင်အောင် သူကိုယ်တိုင် Hand-coded စနစ်ဖြင့် ရေးသား တည်ဆောက်ခဲ့သည်။
မြန်မာလူငယ်များ၏ အသိပညာနှင့် စွမ်းဆောင်ရည်များကို နည်းပညာနှင့် ပေါင်းစပ်မြှင့်တင်ပေးခြင်းဖြင့်၊ အနာဂတ်လူ့အဖွဲ့အစည်းကို ဦးဆောင်လမ်းပြနိုင်သော၊ ကိုယ်ပိုင်အရည်အချင်း ပြည့်ဝသည့် ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာစေရန်။ To Empower Myanmar Youth by integrating knowledge and technology, fostering a generation of capable leaders who can navigate and lead our future society.
ကျွန်ုပ်တို့အဖွဲ့သည် လူငယ်များအတွက် ခေတ်မီနည်းပညာနှင့် အထွေထွေဗဟုသုတများကို အခမဲ့လေ့လာနိုင်မည့် အခွင့်အလမ်းများ ဖန်တီးပေးရန်၊ ဝါသနာတူသူများအချင်းချင်း ချိတ်ဆက်ကူညီနိုင်မည့် ခိုင်မာသော Network တစ်ခု တည်ဆောက်ရန်နှင့် လက်တွေ့ကျသော လူမှုအကျိုးပြုလုပ်ငန်းများကို စုပေါင်းအကောင်အထည်ဖော်ခြင်းဖြင့် လူငယ်ထု၏ အခန်းကဏ္ဍကို မြှင့်တင်ပေးရန် လုပ်ဆောင်သွားမည် ဖြစ်သည်။ Our mission is to create free learning opportunities for modern technology and general knowledge, build a solid network where like-minded youth can connect and collaborate, and elevate the role of young people through collective social impact projects.
ကျွန်ုပ်တို့၏ Mission ပါအတိုင်း လူငယ်များအတွက် ခေတ်မီနည်းပညာနှင့် ဗဟုသုတများကို တစ်နေရာတည်းတွင် လေ့လာနိုင်မည့် Digital Platform ကို တည်ထောင်ပါမည်။ အသိပညာအရင်းအမြစ်များကို စုစည်းပေးခြင်းဖြင့် အနာဂတ်အတွက် အဆင်သင့်ဖြစ်စေမည့် လူငယ်ထုတစ်ရပ် ပေါ်ထွက်လာစေရန် အုတ်မြစ်ချပေးမည့် အဆင့်ဖြစ်သည်။In accordance with our mission, we will establish a centralized digital platform where youth can access modern technology and diverse knowledge in one place. This phase serves as the cornerstone for empowering a future-ready generation by systematically organizing and providing essential intellectual resources.
ကျွန်ုပ်တို့၏ Mission ဖြစ်သော ဝါသနာတူလူငယ်ချင်း ချိတ်ဆက်မှုကို အားကောင်းစေရန် ခိုင်မာသော Network တစ်ခု တည်ဆောက်ပါမည်။ ဤအဆင့်တွင် ကျွမ်းကျင်ပညာရှင်များနှင့် ချိတ်ဆက်ပေးခြင်း၊ Mentorship ပေးခြင်းနှင့် လက်တွေ့အရည်အချင်းစစ် Specialized Courses များမှတစ်ဆင့် Vision ပါအတိုင်း ကိုယ်ပိုင်အရည်အချင်း ပြည့်ဝသည့် ခေါင်းဆောင်များအဖြစ် စတင်ပုံဖော်ပါမည်။To fulfill our mission of strengthening connections among like-minded peers, we will build a robust and reliable network. This stage involves bridging the gap between youth and industry experts through mentorship and competency-based specialized courses, molding individuals into self-actualized leaders as defined by our vision.
နောက်ဆုံးအဆင့်တွင် လက်တွေ့ကျသော လူမှုအကျိုးပြုလုပ်ငန်း (Projects) များကို စုပေါင်းအကောင်အထည်ဖော်ခြင်းဖြင့် လူငယ်ထု၏ အခန်းကဏ္ဍကို လက်တွေ့ပြသပါမည်။ ဤလုပ်ငန်းစဉ်များမှတစ်ဆင့် ကျွန်ုပ်တို့၏ Vision ဖြစ်သော "အနာဂတ်လူ့အဖွဲ့အစည်းကို ဦးဆောင်လမ်းပြနိုင်သည့် ခေါင်းဆောင်ကောင်းများ" ကို စုပေါင်းဖန်တီးပေးပြီး ရေရှည်တည်တံ့သော လူငယ်အသိုက်အဝန်းတစ်ခုအဖြစ် ရပ်တည်သွားမည်ဖြစ်သည်။In the final phase, we will demonstrate the collective strength of the youth community through the implementation of tangible social impact projects. Through these initiatives, we will realize our vision of cultivating "visionary leaders capable of guiding future society," ultimately establishing a sustainable and thriving ecosystem for all.
BYA သည် လူငယ်များအတွက် အကောင်းဆုံးသော အခွင့်အလမ်းများကို ဖန်တီးပေးနေပါသည်။ BYA creates the best opportunities for the youth of Myanmar.
ခေတ်မီနည်းပညာနှင့် ဗဟုသုတများကို ငွေကုန်ကြေးကျမရှိဘဲ တစ်နေရာတည်းတွင် လေ့လာနိုင်ပါသည်။ Access modern technology and knowledge in one place without any cost.
ဝါသနာတူ လူငယ်ချင်း ချိတ်ဆက်ပြီး အတူတူ တိုးတက်အောင် ဖန်တီးနိုင်မည့် အသိုက်အဝန်းတစ်ခု ဖြစ်သည်။ A community where like-minded youth connect and grow together.
သင်ယူထားသော ပညာရပ်များကို လက်တွေ့အသုံးချနိုင်မည့် အလုပ်အကိုင်များနှင့် ချိတ်ဆက်ပေးသည်။ Connecting you with job opportunities to apply your learned skills.
နယ်ပယ်အသီးသီးမှ ပညာရှင်များ၏ အကြံဉာဏ်နှင့် လမ်းညွှန်မှုများကို ရရှိနိုင်မည်ဖြစ်သည်။ Get advice and mentorship from experts across various industries.